Friday 4 May 2012

သြစတြေးလျရောက် NLD လွှတ်တော်ကိုယ်စားလှယ်တွေ နိုင်ငံရေးရာများ လေ့လာ

2012-05-03
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က သြစတြေးလျနိုင်ငံကို ရောက်ရှိလာတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD လွှတ်တော် ကိုယ်စားလှယ် သုံးဦးဟာ နိုင်ငံရေးမူဝါဒဆိုင်ရာ ဘာသာရပ်တွေကို ရက်တိုသင်တန်းအဖြစ် ဆစ်ဒနီ တက္ကသိုလ်တစ်ခုမှာ တက်ရောက် လေ့လာနေကြကြောင်း လေ့လာရေးခရီးစဉ်မှာ ပါဝင်တဲ့ NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း က အာအက်ဖ်အေကို ပြောပါတယ်။
Photo: RFA
ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းအား ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် RFA မှ တွေ့ဆုံမေးမြန်းနေစဉ်။
ဒေါ်စန္ဒာမင်းနဲ့အတူ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးဖြစ်တဲ့ ဦးဖြိုးမင်းသိန်းနဲ့ ဦးဇေယျသော်တို့လည်း ဒီခရီးစဉ်မှာ လိုက်ပါလာပြီး သီတင်းပတ် တစ်ပတ်ကျော် ကြာမြင့်မယ်လို့ ဆိုပါတယ်။ ဒီလေ့လာရေးခရီးစဉ်ကို သြစတြေးလျ လေဘာပါတီက ဖိတ်ကြားဆောင်ရွက်ပေးခဲ့တာပါ။
အခုခရီးစဉ်ဟာ NLD လွှတ်တော် ကိုယ်စားလှယ်တွေအတွက် ပထမဆုံးအကြိမ် ပြည်ပသင်တန်းတွေကို တရားဝင် တက်ရောက်လေ့လာတာ ဖြစ်ပါတယ်။
ခရီးစဉ်အတွင်း သြစတြေးလျနိုင်ငံရဲ့ လွှတ်တော်ကို သွားရောက်လေ့လာမှာဖြစ်သလို လွှတ်တော် ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။

RFA

No comments:

Post a Comment