Friday 27 April 2012

ကမ္ဘာ့ဘဏ်ရုံးခွဲ မြန်မာပြည်တွင် ဖွင့်မည်

နိုင်ငံတကာငွေကြေး အဖွဲ့အစည်းဖြစ်သည့် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံနှင့် အဆက်အသွယ်များ ပြန်လည်ပြုလုပ်၍ လာမည့် ဇွန် လ အတွင်း ရုံးပြန်လည် ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း ယမန်နေ့က ထုတ်ဖော်ပြောဆိုလိုက်သည်။
အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကမ္ဘာ့ဘဏ် ဒု ဥက္ကဋ္ဌ Pamela Cox (ဓာတ်ပုံ - Reuters)
အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကမ္ဘာ့ဘဏ် ဒု ဥက္ကဋ္ဌ Pamela Coxက“ပုံမှန်ဆက်ဆံရေးအတွက်

စကာင်္ပူနိုင်ငံရှိ မြန်မာသံရုံးနဲ့ “ခြားနားခွန်” ပြသနာ

  
"ခြားနားခွန်" ပြသနာသည် မြန်မာနိုင်ငံတွင် အခွန်ဆောင်ပြီးသူများ စကာင်္ပူနိုင်ငံရှိ မြန်မာသံရုံးတွင် Passport စာအုပ် သက်တမ်းတိုးရာ၌ နေ့စဉ်ကြုံတွေ့ ကြားသိနေရသော ပြသနာကြီး တရပ်ဖြစ်ပါသည်။

မြန်မာသံရုံးသို့ ထမ်းဆောင်ရသော အခွန်နှုန်းထားများသည် မိမိ ကိုင်ဆောင်ထားတဲ့ ပါမစ်နဲ့သာ ထမ်းဆောင်ရမည်ဟု စကာင်္ပူနိုင်ငံ မြန်မာသံရုံးမှ သတ်မှတ်ထားပါသည်။
ကောက်ခံသော အခွန်ပမာနမှာ အောက်ပါအတိုင်း ဖြစ်သည်။

(၁) Work Permit - $40/ month
(၂) S-Pass - $80/month
(၃) E-Pass/ PR - $120/month
(၄) Passport စာအုပ် သက်တမ်းတိုးခြင်း - $150

စကာင်္ပူနိုင်ငံတွင် အလုပ် လုပ်နေသော မြန်မာများ အနေဖြင့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ စတင်၍ မြန်မာနိုင်ငံသို့ ၀င်ငွေခွန် ထမ်းဆောင်ရန် မလိုတောပါ။ သို့ရာတွင် အချို့သောသူများသည် ၂၀၁၁ ဒီဇင်ဘာလ အထိ မြန်မာနိုင်ငံဘက်တွင် အခွန်ဆောင်ထားသူများ ရှိသည်။ ထိုသူများသည် မြန်မာနိုင်ငံတွင်

NLD အမတ်များ သြစတြေးလျသို့ ချစ်ကြည်ရေးခရီးစဉ် သွားမည်

သြစတြေးလျ လေဘာပါတီ၏ ဖိတ်ကြားချက်အရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးဖြိုးမင်းသိန်း၊ ဒေါ်စန္ဒာမင်း၊ ဦးဖြိုးဇေယျာသော်နှင့် NLD လူငယ်ဖြစ်သည့် အဆိုတော်လင်းလင်းတို့ သြစတြေးလျနိုင်ငံသို့ သွားရောက်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့ ရွှေဂုံတိုင် ရုံးချုပ်တွင် ဧပြီလ ၂၁ ရက်နေ့က လွှတ်တော် အမတ် ဦးဇေယျာသော် လွှတ်တော်တက်လျှင် ဝတ်ဆင်ရမည့် အမျိုးသား ဝတ်စုံ စမ်းသပ်ဝတ်ဆင်နေစဉ် (ဓာတ်ပုံ - Reuters / Soe Zeya Tun)
“မနက်ဖြန် စပြီး ရန်ကုန်က ထွက်မယ်။ ဒီခရီးစဉ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တရားဝင်စေလွှတ်တာပါ။ သြစတြေးလျ လေဘာပါတီက ဖိတ်လို့ပါ။ စုစုပေါင်း ၄ ယောက်ပါ” ဟု ဦးဖြိုးမင်းသိန်းက ဧရာဝတီသို့ ပြောသည်။
သြစတြေးလျသို့ ရောက်ရှိစဉ် ဆစ်ဒနီတက္ကသိုလ်တွင် နိုင်ငံရေးဆိုင်ရာ ဘာသာရပ်တခုကို ၅ ရက်ကြာ လေ့လာကြမည်ဖြစ်ပြီး သြစတြေးလျနိုင်ငံ လွှတ်တော်များသို့ သွားရောက်မည်ဖြစ်ကြောင်း၊ ထို့ပြင် သြစတြေးလျ လွှတ်တော်အမတ်များ၊ နိုင်ငံရေးသမားများနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရှိရသည်။
NLD မှ လွှတ်တော်အမတ်တချို့ လွှတ်တော်တက်ရောက်ခြင်းမရှိဘဲ သြစတြေးလျနိုင်ငံ သွားရောက်မည့်ကိစ္စနှင့် ပတ်သက်ပြီး နေပြည်တော်ရှိ လွှတ်တော်ရုံးသို့ တရားဝင် အကြောင်းကြားထားပြီးဖြစ်ကြောင်း သိရသည်။
“အခုအခြေအနေမှာ ကျမ်းကျိန်လွှာ အခက်အခဲကြောင့် ကျနော်တို့ လွှတ်တော် မတက်နိုင်သေးဘူး။ ဒါပေမယ့်လည်း ခရီးသွားမယ့်သူတွေက ရွေးကောက်ခံ ကိုယ်စားလှယ်တွေဖြစ်နေတော့ လွှတ်တော်ရုံးကိုတော့ တရားဝင် အကြောင်းကြားထားတယ်။ ကျနော်တို့ ခရီးသွားနေစဉ်မှာ ကျမ်းကျိန်လွှာကိစ္စ အဆင်ပြေလို့ တခြားအမတ်တွေ လွှတ်တော်တက်ကြမယ်ဆိုရင်လည်း ကျနော်တို့ ခရီးလွန်နေလို့ လွှတ်တော် မတက်နိုင်တဲ့အကြောင်း ပါတီကနေ တရားဝင်ခွင့်တိုင်ပေးမှာပါ” ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။
ယင်းခရီးစဉ်နှင့် ပတ်သက်ပြီး NLD ဗဟိုအလုပ်အမှုဆောင်တဦးက နိုင်ငံရေးပါတီများအကြား ချစ်ကြည်ရေးရင်းနှီးမှုဆိုင်ရာ ခရီးစဉ်မျိုးဖြစ်ကြောင်း ပြောသည်။
“ဒါက ဟိုဘက်ပါတီက ဖိတ်တယ်။ ဒီဘက်က သွားတယ်။ ချစ်ကြည်ရေးပုံစံပါပဲ” ဟု ၄င်းက ပြောသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် နိုင်ငံရေးပါတီတချို့မှ ပါတီဝင်များနှင့် အမတ်တချို့လည်း ၂၀၁၁ ခုနှစ်အတွင်း ဖိတ်ကြားမှုများအရ ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံများသို့ တရားဝင် သွားရောက်ခဲ့ကြသည်ဟု သိရှိရသည်။
NLD လွှတ်တော်အမတ်များ ဦးဆောင်သွားရောက်ကြမည့် သြစတြေးလျခရီးစဉ်သည် ဧပြီလ ၂၈ ရက်နေ့မှ မေလ ၁၀ ရက်နေ့အထိ ကြာမြင့်မည်ဖြစ်သည်။
By- အောင်သက်ဝိုင်း(ဧရာဝတီ)

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေကို အတည်ပြု

မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ပမှ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု (FDI) များ ဆွဲဆောင်နိုင်ရန် ပထမဆုံး နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုဥပဒေကို ယခုကျင်းပနေသည့် အမျိုးသားလွှတ်တော်တွင် ဧပြီလ ၂၄ ရက်နေ့က အတည်ပြုပေးလိုက်ကြောင်း သတင်းရရှိသည်။

နေပြည်တော် ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုတွင် အလုပ်သမတချို့ ထမင်းစားရပ်နားနေသည်ကို ၂၀၁၂ ဇန်နဝါရီလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ - Reuters)
“ရင်းနှီးမြှုပ်နှံမှု ဥပဒေက အမျိုးသားလွှတ်တော်ကို စ တင်တယ်။ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်တွေနဲ့ ပြည်သူ့လွှတ်တော်ကို

အပျက်များနေတဲ့ ကျပ်နှစ်သိန်းတန်ဖုန်းကဒ်

 
၂၀၁၂ ခုနှစ် ဧပြီလ ၉ရက်နေ့မှာ စတင် ချထားပေးခဲ့တဲ့ ကျပ်သိန်းနှစ်သိန်းတန် GSM ဖုန်းများဟာ ဝယ်ယူပြီး မကြာမီမှာပဲ ပျက်စီးမှုများ ကြုံတွေ့နေရကြောင်း သိရှိရပါတယ်။ လက်ရှိအချိန်မှာ ဝယ်လိုအားများနေတဲ့ ကျပ်(၂)သိန်းဖုန်းတွေဟာ ပြင်ပဆိုင်တွေမှာ ကျပ်နှစ်သိန်းခွဲအထိ ဈေးပေါက်လျက်ရှိပါတယ်။ ဒါပေမယ့် ကျပ်(၂)သိန်း ဖုန်းကဒ်အချို့ဟာ ဝယ်ယူပြီး မကြာမီပါပဲ ပျက်စီးမှုတွေရှိနေပြီး သက်ဆိုင်ရာကို ဆက်သွယ်ဆောင်ရွက်ရာမှာ ဖြေရှင်းပေးနိုင်ခြင်း မရှိသေးကြောင်း သိရှိရပါတယ်။


၂၀၁၂ခုနှစ် ဧပြီလ(၂၁)ရက်နေ့ မနက်ပိုင်းက ၄၂၁၀နဲ့စတဲ့ ဖုန်းဆင်းကဒ်တကဒ်ကို ကျပ်နှစ်သိန်းခွဲ ပေးပြီး ဝယ်ယူခဲ့ပါတယ်။ အဲဒီနေ့ ညနေပိုင်းလောက်ကျတော့ ဖုန်းက လုံးဝ ဆက်လို့မရဘူး ဖြစ်သွားတယ်။ ဖုန်းဆက်လိုက်ရင် your sim card is reject ဆိုတဲ့စာတန်းပဲ ပေါ်ပေါ်လာပါတယ် ဟု ကျပ်နှစ်သိန်းတန်ဖုန်း ဝယ်ယူပြီးနောက် ကဒ်ပျက်စီးမှု ကြုံတွေ့ခဲ့သူတစ်ဦးက ပြောကြားပါတယ်။


ထို့အပြင် ၎င်းကပင် ဆက်လက်ပြီး ဒါနဲ့ရွှေဂုံတိုင်မှာရှိတဲ့ ဂျီအက်စ်အမ်ရုံးချုပ်ကို သွားပြီး တင်ပြခဲ့ပါတယ်။ လောလောဆယ်မှာ ဖုန်းကဒ် အရောင်းအဝယ် ကိစ္စတွေသာ ဆောင်ရွက်နေလို့ ဆောင်ရွက်ပေးနိုင်ခြင်း မရှိဘူးလို့ ပြောပါတယ်။ ပြီးတော့ ဗဟန်းဆက်သွယ်ရေးရုံးကို သွားဖို့ ထပ်ဆင့်ညွှန်ပါတယ်။ ဗဟန်းရုံးကို ရောက်တော့လည်း လောလောဆယ်တော့ ကဒ်ကိုသာ ကိုင်ထားပါဦးလို့ပြောပြီး တစ်စုံတရာ ဆောင်ရွက်ပေးတာ မရှိပါဘူး။ ကျနော့လိုပဲ ဆင်းကဒ်ပျက်လို့ လာတဲ့သူတွေ ရွှေဂုံတိုင်ရုံးမှာရော ၊ ဗဟန်းရုံးမှာပါ အများကြီးတွေ့ခဲ့ရပါတယ် လို့ပြောကြားခဲ့ပါတယ်။


တန်ဖိုးနည်းဖုန်းအဖြစ် ဈေးကွက်မှာ ဝယ်လိုအားများနေတဲ့ ကျပ်နှစ်သိန်းဖုန်းတွေဟာ မူလတန်ဖိုးထက် ပိုမိုစွာပေးဝယ်နေရတဲ့အပြင် ဝယ်ယူပြီး နောက်မကြာခင်မှာ ကဒ်ပျက်စီးမှုတွေ ရှိနေတာကြောင့် ဝယ်ယူသူတွေအတွက် နစ်နာမှုတွေဖြစ်ရကြောင်းလည်း သုံးသပ်မှုတွေ ရှိနေပါတယ်။

ဘားမားဗီဂျေ

ပြည်ပ မြန်မာမီဒီယာများသို့ ကိုချိုတူးဇော်ရဲ့ ပေးစာ

ပေးစာ

ကျောက်ဆည်မြို့ တွင် မိုးသက်လေပြင်း ကျရောက်ပြီး လူတချို့ ဒဏ်ရာရ



လေပြင်းဒဏ်ခံရတဲ့ ကျောက်ဆည်ဈေး
လေးပြင်းဒဏ်ခံရတဲ့ ကျောက်ဆည်ဈေး
မန္တလေးတိုင်း ကျောက်ဆည်မြို့ တွင် (24-4-2012) ဧပြီလ ၂၄ ရက်နေ့  နေလည်
 (1း00) တစ်နာရီခန့်က မိုးသက်လေပြင်းကျရောက်ခဲ့ပါတယ်။
လေပြင်းဒဏ်ကြောင့် ကျောက်ဆည်ဈေးလေးတွင် ဆိုင်ခန်းများပြိုကျပျက်စီးပြီး
လူ(၁၀)ဦး ဒဏ်ရာရပြီး၊ ဆေးရုံတွင်ဆေးကုသမှုခံယူနေကြောင်းသိရှိရပါသည်။