Tuesday 24 April 2012

နိုင်ငံတော်ထံမှ ပေးပို့သည့် သ၀ဏ်လွှာများ

ယနေ့ ကျင်းပလျက် ရှိနေသော ပြည်ထောင်စု လွှတ်တော် ပထမအကြိမ် တတိယ ပုံမှန် အစည်းအဝေး၌ ပြည်ထောင်စု လွှတ်တော် နာယကက နိုင်ငံတော်ထံမှ ပေးပို့သည် သ၀ဏ်လွှာများကို ဖတ်ကြား တင်ပြခြင်းနှင့် ပြည်ထောင်စုက လွှတ်တော်က မှတ်တမ်း တင်ခြင်း များကို ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်ထံမှ ပေးပို့သည့် သ၀ဏ်လွှာများ၌
( ၁) ပြည်ထောင်စု အစိုးရအဖွဲ့ နှစ်ပတ်လည် အစီရင်ခံစာနှင့် သုံးလပတ် အစီရင်ခံစာများ ပေးပို့ရေးကိစ္စ၊
(၂) နိုင်ငံခြားငွေ လဲလှယ်နှုန်း စနစ်သစ် ပြောင်းလဲ ကျင့်သုံးခြင်း ကိစ္စ၊
(၃) ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်များ လစဉ်ချီးမြင့်ငွေ လျော့ပေါ့ ခံစားခြင်း၊ အငြိမ်းစား ၀န်ထမ်းများ၏ ပင်စင် လစာများ တိုးမြှင့်ပေးခြင်းနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်း ကိစ္စရပ်များ ပါဝင်ကြောင်း သိရသည်။

Eleven Media Group Facebook

No comments:

Post a Comment