Saturday 28 April 2012

၂၀၁၂ ခုနှစ် HIV/AIDS လုပ်ငန်း စီမံချက်များ အတွက် အဖွဲ့အစည်း အသီးသီး ပူးပေါင်း ဆွေးနွေး

အခု ၂၀၁၂ ခုနှစ်မှာ HIV/ AIDS လျော့နည်း ပပျောက်ရေး လုပ်ငန်း စီမံချက်တွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးရဲ့ ပူးပေါင်း ဆွေးနွေးမှု
တစ်ခုကို ဧပြီလ ၂၆ ရက်နေ့နဲ့ ၂၇ ရက်နေ့ တို့မှာ နှစ်ရက်တာ ကျင်းပလျက် ရှိပါတယ်။ အဲ့ဒီ ဆွေးနွေးပွဲမှာ ကျန်းမာရေး ၀န်ကြီးဌာန၊ ကျန်းမာရေး ဦးစီးဌာနနဲ့ ပြည်တွင်းရှိ NGO/ INGO အဖွဲ့အစည်းတွေ၊ မီဒီယာ သမားတွေ တက်ရောက်ကာ ၀ိုင်းဝန်း ဆွေးနွေးလျက် ရှိကြတာ ဖြစ်ပါတယ်။

အဆိုပါ ဆွေးနွေးပွဲမှာ အဖွဲ့အစည်း တစ်ခုစီ အလိုက် ဆောင်ရွက် လျက်ရှိတဲ့ HIV/AIDS လုပ်ငန်း စီမံချက် ဆိုင်ရာ အချက်အလက်တွေ ဆောင်ရွက်ပြီး ဖြစ်တဲ့ လုပ်ငန်းတွေနဲ့ ရှေ့ဆက် လုပ်ဆောင်မယ့် လုပ်ငန်း ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ဆွေးနွေး ကြတာ ဖြစ်ပါတယ်။ ဒီလို အဖွဲ့အစည်း တစ်ခုစီရဲ့ ရရှိတဲ့ အကျိုး ရလဒ်တွေ၊ လိုအပ်ချက်တွေ အပေါ် မူတည်ပြီး အခု ၂၀၁၂ ခုနှစ်ရဲ့ ဆောင်ရွက်မယ့် လုပ်ငန်း အစီအစဉ်တွေကို ပူးပေါင်း ဆွေးနွေးလျက် ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီမှာ အဖွဲ့အစည်း အသီးသီးရဲ့ လုပ်ငန်း ဆောင်ရွက် လုပ်ကိုင်မှု အလိုက် ပူးပေါင်း ဆောင်ရွက်မှု တွေပြုလုပ်ဖို့နဲ့ HIV/AIDS ရောဂါနဲ့ ပတ်သက်လို့ လိုအပ်ချက် တွေကို ကဏ္ဍအလိုက် ခွဲခြားကာ အစီအစဉ် ရေးဆွဲမှုတွေ ကိုလည်း
ဆောင်ရွက်ခဲ့ ကြတယ်လို့ သိရပါတယ်။

 MRTV-4

ခွပ်ဒေါင်းတို့ ပျံလေပြီ

ဦးဖြိုးဇေယျာသော်၊ဒေါ်စန္ဒာမင်း၊ ဦးဖြိုးမင်းသိန်းနှင့်ဦးလင်းလင်း တို့လေးဦးကို မင်္ဂလာဒုံလေဆိပ်တွင် တွေ့ရစဉ်
ဒီ/ချုပ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်သစ် သုံးဦးဖြစ်တဲ့ ဒေါ်စန္ဒာမင်း၊ ဦးဖြိုးမင်း သိန်း၊ ဦးဖြိုးဇေယျာသော် (ဇေယျာသော်)နဲ့ တေးသံရှင် လင်းလင်းတို့ လေးဦးဟာ ဒီနေ့ နံနက် ၉း၃ဝ နာရီ တွင် မင်္ဂလာဒုံလေဆိပ်မှ သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့သို့ ထွက်ခွာသွားခဲ့ပါတယ်။
သြစတေးလျ နိုင်ငံမှာ လက်ရှိအာဏာရပါတီဖြစ်တဲ့ လေဘာပါတီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ကမ်းလှမ်း ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး ဆစ်ဒနီတက္ကသိုလ် (University of Sydney’s Graduate School of Government) မှာ ဧပြီလ ၃ဝ မှ မေလ ၄ ရက်နေ့အထိ ဒီ/ချုပ်ပါတီ ဝင်လေးဦးဟာ နိုင်ငံရေးနှင့်

၈၈ကျောင်းသားတွေက နိုင်ငံတော် သမ္မတကြီးကို ပန်ကြားတဲ့ ပုံစံက တမျိုးပါလား

၈၈ကျောင်းသားတွေက နိုင်ငံတော် သမ္မတကြီးကို ပန်ကြားတဲ့ ပုံစံက တမျိုးပါလား။ တိုက်ရိုက်ပန်ကြားရင် လက်မခံဘူးထင်တယ်။



ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်ကြီးတွေက ကိုယ်ကျိုးစီးပွားအတွက် ပြည်သူတွေရဲ့ မြေယာတွေကို အဓမ္မသိမ်းယူနေတာတွေကို ရပ်စဲသွားအောင် နိုင်ငံတော်သမ္မတကြီး အနေနဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်ပေးဖို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က မေတ္တာရပ်ခံ ပန်ကြားလိုက်ပါတယ်။

By: San Oo

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှု ခိုင်မာ မြန်ဆန်ဖို့ အီးယူ မျှော်လင့်


ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းမှာရှိတဲ့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အီးယူ နိုင်ငံခြားရေးရာ အကြီးအကဲ Catherine Ashton တို့က ဒီမနက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှု အရှိန်အဟုန်တွေ ပိုပြီးခိုင်မာဖို့နဲ့ ပိုပြီးမြန်ဆန်ဖို့ မျှော်လင့်ချက်နဲ့ EU ဥရောပသမဂ္ဂက မြန်မာနိုင်ငံပေါ် အရေးယူပိတ်ဆို့ထားတာကို ဆိုင်းငံ့လိုက်တာ ဖြစ်ကြောင်း အီးယူ နိုင်ငံခြားရေးရာ အကြီးအကဲ Catherine Ashton က ပြောကြား သွားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကို အီးယူက အကူအညီ ဆက်လက်ပေးမယ့် အကြောင်းလည်း ပြောကြားတယ်လို့ NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ဆိုပါတယ်။

"Catherine Ashton ဘက်က ဖြေကြားတာကတော့ အီးယူက ယူရို သန်းပေါင်း ရာနဲ့ ချီပြီးတော့ အကူအညီ တွေဆက်ပြီး ပေးမှာ ဆိုတဲ့ အကြောင်း၊ အဲဒီလို
အကူအညီပေးတဲ့နေရာမှာ အဓိကကတော့ လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆိုင်တဲ့ ကဏ္ဍတွေမှာ ပိုပြီးတော့ ပေးမှာ ဖြစ်တဲ့အကြောင်း၊ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံဟာ လယ်ယာစိုက်ပျိုးရေး နိုင်ငံဖြစ်တဲ့အတွက် ပြည်သူအများစုက ကျေးလက်ဒေသမှာ နေထိုင်ကြတာ ဖြစ်တဲ့အကြောင်း ပြောပါတယ်။"

ဒီလို သတင်းစာ ရှင်းလင်းပွဲမလုပ်ခင်မှာ အီးယူ အကြီးအကဲနဲ့ အဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ကို NLD ရုံးချုပ် အစည်းအဝေး ခန်းမမှာတွေ့ဆုံဆွေးနွေး ပါတယ်။

" ပြီးခဲ့တဲ့ ရွေးကောက်ပွဲ အောင်မြင်ခဲ့ပုံတွေကို သူက အထူးစိတ်ဝင်စားပါတယ်။ အဲဒါနဲ့ မေးပါတယ်။ ပုပ္ပသီရိတို့ ဘာတို့လို တကယ့်နေရာတွေမှာ အနိုင်ရခဲ့တဲ့ ဦးနိုင်နိုင်မင်းနဲ့ ဦးဝင်းထိန်၊ ဒေါ်စုစုလွင်၊ ဒေါက်တာ မျိုးအောင်တို့က ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ အတွေ့အကြုံတွေကို ပြောပြပါတယ်။ ကျွန်တော်တို့ ဥက္ကဋ္ဌကလည်း ပြောပြပါတယ်။ နောက် ဦးဝင်းထိန်က ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သူ့ရဲ့ သုံးသပ်ချက်တွေကို ပြောပြပါတယ်။ အီးယူအဖွဲ့ကတော့ မြန်မာနိုင်ငံ ဒီမိုကရေစီ ဖွံ့ဖြိုးရေးအတွက် ကူညီနေခဲ့ပြီး အခုလည်းပဲ ဆက်ပြီး ကူညီမယ့်အကြောင်း ပြောပါတယ်။"

Ms. Ashton ရဲ့ ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ပိတ်ဆို့ အရေးယူမှုကို ဆိုင်းငံ့လိုက်ပြီးတဲ့ နောက်ပိုင်းမှာ အီးယူက အဆင့်အမြင့်ဆုံး တာဝန်ရှိသူတဦးရဲ့ပထမဆုံး ခရီးစဉ် ဖြစ်ပါတယ်။ သူက အင်းလျားမြိုင်လမ်းမှာ ရှိတဲ့ အီးယူ ရုံးခန်းကို ဒေါ်အောင်ဆန်းစုကြည်၊ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေတို့နဲ့ အတူ မွန်းလွဲပိုင်းမှာ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပါတယ်။ တနင်္လာနေ့အထိ မြန်မာနိုင်ငံမှာ ရှိနေမှာဖြစ်ပြီး သမ္မတ ဦးသိန်းစိန်နဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။
RFA

ဆရာစံလမ်း၊ Banana KTV မီးလောင်ကျွမ်းမှု


ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဆရာစံလမ်းရှိ Banana KTV တွင် ဧပြီလ ၂၈ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ်အချိန်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ည ၈ နာရီ ၆ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး လေအေးပေးစက်ချို့ယွင်းမှုမှတဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။